တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် မန္တလေးတိုင်း‌ဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ မန္တလေး ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး 2023-09-01
Image

         မန္တလေးမြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်သည် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးစိုင်းနွမ် နှင့်အတူ ဩဂုတ်လ ၃၁ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတွင် မန္တလေးတိုင်းဒေသကြီးရှိ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ တိုင်းလျမ်၊ ကိုးကန့် ၊ ပ‌လောင်၊ လီဆူ၊ မယ်တိုင်(ကသဲ) စသည့် တိုင်းရင်းသား စာပေနှင့် ယဉ်‌ကျေးမှုအသင်း (၁၃)ဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ ပထဝီနိုင်ငံရေး၊ လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ၊ အဆိုပါသက်ရောက်မှုအပေါ်တိုင်းရင်းသားများက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသား အကျိုး စီးပွားကို ရှေ့ရှု၍ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ အသင်းအဖွဲ့များမှတ်ပုံတင်ရေး ဥပဒေ နှင့်အညီ မိမိတို့၏အသင်းအဖွဲ့များကို ပြန်လည်မှတ်ပုံတင်နိုင်ရေးတို့ကို ဆွေးနွေးပြောကြား ပါသည်။

ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်က အသင်းအဖွဲ့ မှတ်ပုံတင်ရေးဥပဒေအရ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်နေမှုများနှင့် တိုင်းရင်းသားရေးရာ ကိစ္စ ရပ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များမှ တာဝန်ရှိသူများက လိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်

        ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဩဂုတ်လ(၃၀)ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန ၂ ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများပီပီ ပါတီ နိုင်ငံရေးကင်းရှင်းရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက် ၅ ရပ်၊ ဦးတည်ချက် ၉ ချက်တို့ကို အလေးထားဂရုပြုပြီး တာဝန်ဝတ္တရားများကို စိတ်အားထက်သန်စွာ ကျေပွန်စွာ ထမ်းဆောင်ရေး၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို သိရှိနားလည်ပြီး တိုင်းဒေသအတွင်းရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားရေးများကို ဆောင်ရွက်ပေးနိုင်ရေး၊ စာပေယဉ်ကျေးမှုအသင်း အဖွဲ့များ ပြန်လည်မှတ်ပုံတင်နိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ဝန်ထမ်းများ စည်းလုံး ညီညွတ်စွာ တာဝန်ထမ်းဆောင်ရေးတို့ကို ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများကို ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရုံးဝင်းအတွင်း ပြင်ပရေများ ဝင်ရောက်ပြီး ရေကြီးရေလျှံမှုမဖြစ်စေရေးဆောင်ရွက်ထားမှု အခြေအနေများနှင့် မိုးရွာသွန်းမှုကြောင့် ရုံးဝင်းအတွင်းရှိ ရေများပြင်ပသို့စုပ်ထုတ်ရန် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image