တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ဦးဆောင်၍ “တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၂၄-၈-၂၀၂၃) ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာကျေးရွာခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ် စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များအားလည်းကောင်း၊ ဦးစီး အရာရှိ ဒေါ်ဌေးမို့မို့က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ လူမျိုး ပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူ စာချုပ်ကို လိုက်နာဆောင်ရွက် ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်တင်မမမျိုးက အခြေခံပညာကျောင်း များတွင် တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ၊ ဆရာမ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ချောင်းဆုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ၊ ဦးမောင်မောင်ဌေးက နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသ ရှေ့ဆောင်စကားလုံးများ ပါဝင်ရေးသွင်းနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာ က အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး ၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေးပင်စင်ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။
ထို့နောက် တိုင်းရင်းသားအခွင်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က ရပ်ရွာအခြေပြု အသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့် ပုံစံများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၆၀) ဦး တို့က စစ်တမ်းမေးခွန်းလွှာများအား ဖြေဆိုခဲ့ကြကြောင်း သိရှိရ ပါသည်။