ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ကြီးမှူး၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ရှမ်းမျိုးနွယ်စုများ၏ ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပ မြစ်ကြီးနား သြဂုတ် ၂၂
ကချင်ပြည်နယ် 2023-08-29
Image

         ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ကြီးမှူး၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့်ရှမ်းမျိုးနွယ်စုများ (တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းခမ်းတီ၊ တိုင်းဆာနှင့် တိုင်းလုံ)၏ ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ် (၂၂) ရက် နံနက်ပိုင်းက မန်ခိန်ရပ်ကွက်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       ရှေးဦးစွာ အခမ်းအနားကို စိန္တာမဏိလိုရာပြည့်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ စိန္တိတ အမှူးပြု‌သော ဆရာတော်၊ သံဃာတော်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဇနီး ၊ ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ရှမ်းမျိုးနွယ်စုများ (တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းခမ်းတီ၊ တိုင်းဆာနှင့် တိုင်းလုံ) မှ တာဝန်ရှိသူများက နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ပရိတ် တရားတော်များကို နာယူခဲ့ကြပါသည်။

         ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့်ဇနီး၊ ဦးစီးဌာန တာဝန်ရှိသူများနှင့် ရှမ်းမျိုး နွယ်စုများမှ ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြပြီး အနုမောဒနာတရားတော်များ နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်း အနားကို  ရုပ်သိမ်းခဲ့ပါသည်။

        ထို့နောက် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။


Image
Image
Image
Image
Image
Image
Image
Image