တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့်ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် ကျင်းပ ရန်ကုန်၊ ဩဂုတ် ၂၁
ရန်ကုန် 2023-08-29
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း အစီအစဉ်”နှင့် “ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊  လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား”ကို (၂၁-၈-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာ၊ ဘုရား ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊  တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်း စရာများကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင်ပါရှိသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာများ၊ စစ်တမ်းများ ကောက်ယူ ရခြင်းရည်ရွယ်ချက်နှင့် တိုင်းရင်းသားဘာသာသင် TA/LT ဆရာများခန့်ထားခြင်းဆိုင်ရာ ကိစ္စများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြောက်ပိုင်းခရိုင်မှူး ဒေါ်ဉမ္မာညွှန့်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်က လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် သင်တန်းကျောင်းများ အခြေအနေ၊ အမျိုးသမီးအခွင့် အရေး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြော ကြားခဲ့ပါသည်။

ထို့နောက် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူစိုးက သမဝါယမ ဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် သမဝါယမအသင်းချေးငွေအကြောင်း၊ အခြေခံစားသောက်ကုန် ရောင်းချပေးနေမှု အခြေအနေများကိုလည်းကောင်း၊  အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းထွေး က အသေးစားစက်မှုလက်မှုဦးစီးဌာန၏ သင်တန်းဖွင့်လှစ်ပေးနေမှုအခြေအနေနှင့် သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများနှင့် အမျိုးအစားတို့ကိုလည်းကောင်း  ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်မှုဆန်းစစ်ချက် စစ်တမ်းကောက်ယူခဲ့ရာ (၆၀) ဦးမှ ဖြေဆိုခဲ့ကြပါသည်။ 

ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊  လက်သန့်ဆေးရည်လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို (၂၁-၈-၂၀၂၃) ရက်နေ့မှ (၂၅-၈-၂၀၂၃) ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား(၁၁)ဦး သင်တန်းသူ(၂၄)ဦး စုစုပေါင်း (၃၅) ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ 

 


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image