အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ရန်ကုန်၊ ဩဂုတ် ၁၉
ရန်ကုန် 2023-08-28
Image

          တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူး‌ပေါင်းကျင်းပသည့် အဆင့်မြင့်စက်ချုပ် သင်တန်းဆင်းပွဲအခမ်းအနားကို (၁၉-၈-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တရုတ်ကုန်းကျေးရွာ၊ ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မှော်ဘီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးက အဆင့်မြင့်စက်ချုပ်သင်တန်းတွင် ဆုရရှိသည့် သင်တန်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းနည်းပြ ဒေါ်အေးအေးစိုးအား ဂုဏ်ပြုငွေပေးအပ်ခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများစုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကရင်စာပေယဉ်ကျေးမှုကော်မတီမှ  တာဝန်ရှိ ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြပါသည်။   

        အဆင့်မြင့်စက်ချုပ်သင်တန်းကို (၂၄-၇-၂၀၂၃) ရက်နေ့မှ (၁၉-၈-၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသူ (၂၀) ဦး တက်ရောက် သင်ကြားခဲ့ကြ ကြောင်း သိရှိရပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image