တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်တွင်ကျင်းပ ရှမ်း၊ ဩဂုတ် ၁၉
ရှမ်းပြည်တောင်ပိုင်း 2023-08-25
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူး ရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ၁၉-၈-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ဆီဆုံ ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ အချက်အလက်များနှင့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာမဟာဗျူဟာတို့ကိုလည်းကောင်း၊ ရပ်စောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ကောင်း၊  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာ သာသင်ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှု ကိစ္စများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအကြောင်းကိုလည်း ကောင်း၊ အမှတ်(၂၅) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်သန်းဆွေက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ အန္တရာယ်တို့ကိုလည်းကောင်း၊ ညောင်ရွှေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာလာဝင်းက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး ကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တပ်ခွဲစု (၁၅) တောင်ကြီးမှ ရဲအုပ်သန်းဇော်ထွဋ်က လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဆိုင်ရာကိစ္စရပ်များအကြောင်းကိုလည်းကောင်း  အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြပါ သည်။ 

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာသူများအနက် ဓနု၊ ပအိုဝ်းနှင့် ဗမာတိုင်းရင်းသား (၁၀၀) ဦးတို့မှ စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image