“ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင်သင်တန်း” သင်တန်းဆင်းပွဲအခမ်းအနား ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ ညောင်ရွှေမြို့တွင် ကျင်းပပြုလုပ် ရှမ်း၊ ဩဂုတ် ၁၅
ရှမ်းပြည်နယ် 2023-08-21
Image

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင်သင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို (၁၅-၈-၂၀၂၃) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်ရွှေမြို့၊ အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အပ်ချုပ်စက် (၅) လုံး၊ ဓါးစက် (၁) လုံးနှင့် စက်ချုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို ဒေသခံ တိုင်းရင်းသားများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်း ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက် မှတ်ပေးအပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

အဆိုပါသင်တန်းအား (၁၅-၇-၂၀၂၃) ရက်နေ့မှ(၁၅-၈-၂၀၂၃) ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသူ (၂၃) ဦးတက်ရောက်သင်ကြားအောင်မြင်ခဲ့ကြောင်း သိရှိရ ပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image