တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ် သော “ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင်သင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို (၁၆-၈-၂၀၂၃) ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောက်တလုံးကြီးမြို့၊ မဲတိုင်ကျေးရွာဘုန်းကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အပ်ချုပ်စက် (၅) လုံး၊ ဓါးစက် (၁) လုံးနှင့် စက်ချုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဒေသခံတိုင်းရင်းသားများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီးနောက် စုပေါင်း အမှတ်တရ ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါသင်တန်းအား (၁၆-၇-၂၀၂၃) ရက်နေ့မှ (၁၆-၈-၂၀၂၃) ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသူ (၂၂) ဦးတက်ရောက် သင်ကြားအောင်မြင်ခဲ့ကြောင်း သိရှိ ရပါသည်။