သစ်ဝါးအခြေခံလက်မှုလုပ်ငန်း၊ ခမောက်ချုပ်အတတ်ပညာသင်တန်းနှင့် စိုက်ပျိုးရေး နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ရန်ကုန်၊ ဩဂုတ် ၉
ရန်ကုန် 2023-08-14
Image

  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း များရရှိ၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးနှင့်  တိုက်ကြီးမြို့နယ်ရှမ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီတို့ပူးပေါင်း၍ “သစ်ဝါးအခြေခံလက်မှုလုပ်ငန်း၊ ခမောက်ချုပ်အတက်ပညာသင်တန်းနှင့် စိုက်ပျိုးရေးနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၉-၈-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းကျောင်းကြီးကျေးရွာ၊ ရှမ်းကျောင်းကြီးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက  မြန်မာ့လက်မှုထည်လုပ်ငန်းများအတွက် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေး ကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ပေးရာတွင် သင်တန်းသား/သူများမှလည်း စနစ်တကျ လေ့လာသင်ယူကြရန် လိုအပ်ကြောင်းမှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ တိုက်ကြီးမြို့နယ်ရှိ ရှမ်းတိုင်းရင်းသားလူမျိုးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက်  မိမိတို့၏ မိရိုးဖလာလုပ်ငန်းများကို ထိန်းသိမ်းစောင့်ရှောက်ကြ စေရန်၊ ဒေသထွက်ကုန်ကြမ်းများကို နည်းပညာအသုံးပြု၍ ကုန်ချောပြုလုပ်နိုင်ရန်၊ စိုက်ပျိုးရေး နည်းပညာဖြင့် မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးနိုင်ရန်နှင့် အဆင့်မြင့်နည်းပညာဖြင့် ထုတ် လုပ်၍ ဈေးကွက်စီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေး ရခြင်း ဖြစ်ပါကြောင်းရှင်းလင်း ပြောကြားခဲ့ပါသည်။    ဆက်လက်၍ တိုက်ကြီးခရိုင်အုပ်ချုပ်ရေးမှူးဦးမြဝင်းက သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ်  ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုက်ကြီးမြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဌ ဦးစိုင်းကျော်ထူးမှ ရှမ်းရိုးရာယဉ်ကျေးမှုများမပပျောက်စေရန် ဆက်လက်ထိန်း သိမ်းသွားရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။  

အဆိုပါ သင်တန်းများကို  (၉-၈-၂၀၂၃) ရက်နေ့မှ (၂၅-၈-၂၀၂၃) ရက်နေ့အထိ (၁၇) ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၄၀) ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ 


Image
Image
Image
Image