တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း နေပြည်တော် ဩဂုတ် ၅
နေပြည်တော် 2023-08-05
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးဌာနညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းမှာ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများက တင်ပြလာသည့် လုပ်ငန်း ဆောင်ရွက်ချက်များအပေါ်မူတည်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်တို့ကို ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊  တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများ၏ လုပ်ငန်း စွမ်းဆောင်ရည်သည် လွန်စွာအရေးကြီးပြီး မိမိတို့ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် များနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်များ၏ နယ်မြေအခြေအနေအလိုက် ဖြစ်ပေါ်လာ နိုင်သည့် တိုင်းရင်းသားရေးရာကိစ္စများကို လိမ္မာပါးနပ်စွာ၊ ခေါင်းဆောင်မှု အရည်အချင်း ပြည့်ဝစွာဖြင့် ဖြေရှင်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင် သင့်သည်များကို ပြင်ဆင်သွားကြရန် ဖြစ်ပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနသည် နှီးနွယ်ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများအနေဖြင့် နိုင်ငံတော်မှ ပြဌာန်းထားရှိသည့် ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအပြင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ် (၃၀)ပါးနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စောင့်ထိန်းလိုက်နာပြီး မိမိတို့၏ ရှေ့လုပ်ငန်းစဉ် လုပ်ငန်းတာဝန်များကို စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို ခံယူလျက် ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်း  ဆောင်ရွက်ကြရန် ပြောကြားပါသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က တာဝန်ခံများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံ ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)၊ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ စာရင်းများ ပြုစုရေးဆွဲရေးနည်းစနစ်တို့ကို ကျေညက်စွာ ဖတ်ရှုသိရှိထားရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာ တွင် သတိရှိရှိ ဆောင်ရွက်ကြရန်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့နှင့် အပြန်အလှန်အမှီသဟဲပြုနေသဖြင့် တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်ကြရန်နှင့် မိမိတို့၏လုပ်ငန်းစွမ်း ဆောင်ရည်များကို စဉ်ဆက်မပြတ် မြှင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေများကို တင်ပြကြပါသည်။

ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာအပါအဝင် အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ တင်ပြချက် များအပေါ် ဒုတိယဝန်ကြီးက ခြုံငုံသုံးသပ် ဆွေးနွေးပါသည်။    

၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image