တိုင်းရင်းသားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး စတုတ္ထအကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/ ၂၀၂၃)ကျင်းပ နေပြည်တော် ဩဂုတ် ၄
နေပြည်တော် 2023-08-04
Image

တိုင်းရင်းသားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ၏ စတုတ္ထအကြိမ် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး  Jeng Phang  နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်း မြှင့်တင်ခြင်း၊ အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မား တိုးတက်စေရန်ဖြစ်ပြီး အဆိုပါရည်မှန်းချက်ကို နိုင်ငံတော်က ထုတ်ပြန်ထားသည့်ဥပဒေများနှင့် အညီ အလေးဂရုပြု အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခင်ကျင်းပ ခဲ့သည့် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး များတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်နည်းဥပဒေအရ တိုင်းရင်းသားရေးရာကိစ္စ များကို လျင်မြန်စွာ ဖြေရှင်းအကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးက ဥပဒေနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ညှိနှိုင်း၍ လုပ်ပိုင်ခွင့်များ အပ်နှင်းထားပြီး ဖြစ်ပါကြောင်း၊ ယခု စတုတ္ထအကြိမ်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားဘာသာစာပေ သင်ကြားရေး အထောက်အကူပြု ဆရာ ဆရာမများ(TA) နှင့် တိုင်းရင်းသားစာပေသင် ဆရာ ဆရာမများ (LT)ရွေးချယ်ခန့်ထားရေး ဆိုင်ရာ စံပြုအချက်များ (SoP) ရေးဆွဲရေးကိစ္စ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲမှုဗဟိုကော်မတီမှ သဘောထားမှတ်ချက် တောင်းခံလာသည့်လုပ်ငန်း စာတွဲများဆိုင်ရာ ဆောင်ရွက်ရမည့် စံပြုအချက်များ(SoP)ရေးဆွဲရေးကိစ္စ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းအတွက် စိစစ်ရေးဆိုင်ရာ စံပြုအချက်များ (SoP)ရေးဆွဲရေးကိစ္စ၊ တိုင်းရင်းသားလူမျိုးများရေးရာ အသိပညာပေး ဟောပြောခြင်းများ၊ တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ရပ်ရွာအခြေပြု သက်မွေးပညာလိုအပ်ချက်များ ဆန်းစစ်ခြင်းနှင့် သက်မွေးပညာသင်တန်းများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ဘဏ္ဍာရန်ပုံငွေမှကူညီပံ့ပိုးနိုင်ရေးကိစ္စရပ်များ၊ ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ် နေ့တွင် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ” နှင့်အတူ ဖွင့်လှစ်မည့် သင်တန်းများအတွက် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို  ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ ကူညီနိုင်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ Web Portal တွင် တိုင်းရင်းသားဘာသာ(၇)မျိုးဖြင့် လွှင့်တင်နိုင်ရေးကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုပေးကြရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ လူမှုရေး ဦးတည်ချက် (၄) ရပ်တို့နှင့်အညီ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ၏ အကျိုးကိုရှေးရှုပြီး စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက မိမိတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက TA နှင့် LT ဆရာ ဆရာမများ  ခန့်ထားရေးကိစ္စ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများဆိုင်ရာ သဘောထားမှတ်ချက် တောင်းခံသည့်ကိစ္စများ၊ ဝန်ကြီးဌာန၏ Web Portal တွင် တိုင်းရင်းသားဘာသာစာပေများဖြင့် ဘာသာပြန်ဆို လွှင့်တင် နိုင်ရေးကိစ္စများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများက ပြည်ထဲရေးဝန်ကြီးဌာနသို့ အသင်းအဖွဲ့မှတ်ပုံတင်နိုင်ရေး သတ်မှတ်ထားရှိသော ဥပဒေနှင့်အညီ လျှောက်ထားရာတွင် မိမိတို့ဝန်ကြီးဌာနမှ သဘောထားမှတ်ချက်တောင်းခံသည့်ကိစ္စနှင့်ပတ်သက် သည့် စံပြုအချက်များ (SoP) ရေးဆွဲရေးကိစ္စများ၊ တိုင်းရင်းသားရေးရာဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ခြုံငုံသုံးသပ် ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့သည် ပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ  ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပါက တိုင်းရင်းသားရေးရာကိစ္စများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ တက်ရောက်လာသူများက အထွေထွေဆွေးနွေးခဲ့ကြပြီး အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က အစည်းအဝေးမှ ရရှိသည့် ဆုံးဖြတ်ချက်များကို ပြန်လည်တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအ‌ဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image