အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပ ရန်ကုန်၊ ဇူလိုင် ၂၄
ရန်ကုန် 2023-08-02
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူး‌ပေါင်းဖွင့်လှစ်သည့် အဆင့်မြင့်စက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၄-၇-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ နယ်၊ တရုတ်ကုန်းကျေးရွာ၊ ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက ယခု အဆင့်မြင့်စက်ချုပ်သင်တန်းကို  တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်းနှင့် ယခင်က အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မှော်ဘီမြို့နယ်ကရင်စာပေယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် စောဂျိုးဇက်က သင်တန်းသူများအား အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးသည့် အခွင့်အရေးကို လက်တွေ့အသုံးချ တတ်ရန်နှင့် မိမိတို့ဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် အစဉ်အမြဲလေ့လာရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန နည်းပြ ဒေါ်အေးအေးစိုးက သင်တန်းသူများအနေဖြင့် သင် တန်းကို ပြီးစီးအောင် တက်ရောက်စေလိုပါကြောင်းနှင့် သင်တန်းပို့ချမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။    

အဆင့်မြင့်စက်ချုပ်သင်တန်းကို (၂၄-၇-၂၀၂၃) ရက်နေ့မှ (၂၃-၈-၂၀၂၃) ရက်နေ့အထိ တစ်လကြာဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၀) ဦးမှ တက်ရောက် သင်ကြားသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။ 

Image
Image
Image
Image
Image
Image
Image
Image
Image