တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ “ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၆-၇-၂၀၂၃)ရက်နေ့တွင်တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ မဲတိုင်ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။အခမ်းအနားတွင်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးချစ်ဇော်လင်းကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်မေမြတ်နွယ်ကသင်တန်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ထို့နောက် ဒေသခံသင်တန်းသူများအား ကျွေးမွေးစရိတ်ထောက်ပံ့ပေးအပ်ခြင်း၊သင်ထောက်ကူ ပစ္စည်းများပေးအပ်ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။အဆိုပါ ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင်တန်းကို (၁၆-၇-၂၀၂၃) ရက်နေ့မှ(၁၆-၈-၂၀၂၃) ရက်နေ့အထိ တစ်လကြာဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းသူ (၂၂) ဦး တက် ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။