တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ ရန်ကုန် ဇူလိုင် (၁၈)
ရန်ကုန် 2023-07-21
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဉီးဇော်အေးမောင်၏ ရန်ကုန်တိုင်းဒေသကြီးခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှုရုံးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဉီးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ တာဝန်ခံတို့နှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအတိုင်း ဘတ်ဂျက်များခြိုးခြံ ချွေတာသုံးစွဲကြရန် ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များအား အထူးကျေပွန်စွာ ထမ်းဆောင်ကြရန် ၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ၊ နည်းဥဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့တာဝန်ကို ဝန်ထမ်းကောင်းပီသစွာ ကြိုးစားဆောင်ရွက်ကြရန်၊ ရုံးစာရွက်စာတမ်းများနှင့် ရုံးလုပ်ငန်းများပေါက်ကြားမှုမရှိစေရေး ရုံးတွင်းရုံးပြင် လုံခြုံရေးကိစ္စရပ်များကို အထူးဂရုပြုကြရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်ပတ်သက်သည့် အမျိုးသားစီမံကိန်းဥပဒေပါ ၂၄ချက် ကိုလည်း သတ်မှတ်သည့်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားများအား ပြည်ထောင်စုစိတ်ဓါတ်ခိုင်မာစေရေးကို ဦးတည်ထား၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image