တိုင်းရင်းသားစာပေယဉ်ကျေးမှုနှင့်လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာတွေ့ဆုံ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားနှင့်တိုင်းရင်းသားဘာသာကျောင်းသုံး ပုံနှိပ်စာအုပ်ပေးအပ်ပွဲအခမ်းအနား ထားဝယ်၊ ဇူလိုင် ၄
တနင်္သာရီ 2023-07-13
Image

တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် တိုင်းရင်းသားဘာသာကျောင်းသုံးပုံနှိပ်စာအုပ်ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၄)ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲသည် တိုင်းရင်းသားဒေသရှိ လိုအပ်ချက်များ ပွင့်လင်းမြင်သာစွာတင်ပြဆွေးနွေးနိုင်ရန်နှင့် လိုအပ်သည်များကို သက် ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားဒေသရှိလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီး လူမှုစီးပွားဘဝများမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အလွန်ကောင်းမွန်ပြီး ယခုတွေ့ဆုံဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသအသီးသီးမှ ကရင်၊မွန်၊ထားဝယ်နှင့်မော်ကယ်(ဆလုံ)တိုင်းရင်းသားကိုယ်စားလှယ်များစုံလင်စွာတွေ့ရသည့်အတွက်ဝမ်းသာပီတိဖြစ်ရပါကြောင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်း သားများ၏ ယဉ်ကျေးမှု မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများအတွက် အဘက်ဘက် မှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပညာရေးဝန်ကြီးဌာနမှထုတ်ဝေသည့် တိုင်းရင်းသားဘာသာကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေခြင်းကိစ္စနှင့်စပ်လျဉ်း၍လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ကော်မတီ ဒုတိယဥက္ကဌ ဦးတင့်လွင်က တိုင်းရင်းသားစာပေ၊ယဉ်ကျေးမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍လည်းကောင်းရှင်းလင်းဆွေးနွေးပြောကြားပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် တိုင်း ရင်းသားဘာသာကျောင်းသုံးပုံနှိပ်စာအုပ်များအား တိုင်းရင်းသားကိုယ်စားလှယ်များထံ ပေးအပ်ကာ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိ သည်။


Image
Image
Image
Image
Image
Image
Image
Image