နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က၊နိုင်ငံတော်ဝန်ကြီးချုပ်၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် အတူလိုက်ပါလာသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် (၁၀.၇.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသော တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရခိုင်ပြည်နယ်သို့ ရောက်ရှိ၍ မိုခါမုန်တိုင်းကြောင့် ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့သော ရုံးအဆောက်အဦအား ယာယီအမိုးနှင့် အခြားပြင်ဆင်ပြီး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က၏ လမ်းညွှန်မှုအတိုင်း ဘတ်ဂျက်များခြိုးခြံချွေတာသုံးစွဲကြရန်၊ တိုင်းရင်းသားရေးရာကိစ္စရပ်များအား အထူးကျေပွန်စွာထမ်းဆောင်ကြရန်၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့တာဝန်ကို ဝန်ထမ်းကောင်းပီသစွာ ကြိုးစားဆောင်ရွက်ကြရန်၊ ရုံးစာရွက်စာတမ်းများနှင့် ရုံးလုပ်ငန်းများ ပေါက်ကြားမှုမရှိစေရေး ရုံးတွင်းရုံးပြင် လုံခြုံရေးကိစ္စရပ်များကိုအထူးဂရုပြုကြရန်နှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအား ပြည်ထောင်စုစိတ်ဓါတ်ခိုင်မာစေရေးကိုဦးတည်ထား၍ ရခိုင်ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။