တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ရှမ်းပြည်နယ်တွင်ကျင်းပ ရှမ်း၊ ဇွန် ၃၀
ရှမ်းပြည်နယ် 2023-07-04
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှဦးဆောင်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ၃၀-၆-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းတိုင်းရင်းသားစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေး အသင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါအချက် အလက်များနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာမဟာဗျူဟာတို့ကိုလည်းကောင်း၊ အမှတ်(၂၅) မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးမျိုးမင်းလှိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ တက်သော ဆေးဝါးများဆိုင်ရာအန္တရာယ်တို့ကိုလည်းကောင်း၊ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ခွဲစု (၁၅) တောင်ကြီးမှ ရဲအုပ်ဖြိုးဝေက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များ အကြောင်းကိုလည်းကောင်း၊ ညောင်ရွှေမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာလာ ဝင်းက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံး ပုံစံဖြင့်ခိုင်းစေ ခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု များကိုလည်းကောင်း၊  တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည် နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစိုင်းသန့်ဇင်ဝင်းက လူမျိုးပြုန်းစေမှုကိုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး ဆိုင်ရာအကြောင်းအရာများနှင့် အမုန်း စကားနှင့်အကြမ်းဖက်မှုဖြစ်စေရန် လှုံဆော်မှု ကိုတားဆီးခြင်းနှင့် စပ်လျဉ်းသည့်အကြောင်းအရာ များကိုလည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီးနောက်  ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသော ညောင်ရွှေမြို့နယ်အတွင်းရှိ “အင်းသား” တိုင်းရင်းသား  (၁၀၀) မှ စစ်တမ်းမေးခွန်းလွှာများအား ဖြေဆိုခဲ့ကြပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image
Image