ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” နှင့် “ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းဖွင့်ပွဲအခမ်းအနား” ကို (၁၃-၆-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်ရွာကျေးရွာ၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်းသားဘာသာသင် TA/LT ဆရာ/မ များခန့် ထားခြင်းဆိုင်ရာအကြောင်းတို့ကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် စစ်တမ်းကောက်ယူရ သည့် ရည်ရွယ်ချက်တို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြောက်ပိုင်းခရိုင်မှူး ဒေါ်ဉမ္မာညွှန့်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်က လူမှု ဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် သင်တန်းကျောင်းများ၏ အခြေအနေ၊ အမျိုးသမီးအခွင့်အရေး နှင့် ကလေးသူငယ်အခွင့်အရေးများအကြောင်းတို့ကို လည်းကောင်း၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းထွေးက ဦးစီးဌာန၏ သင်တန်းဖွင့်လှစ်ပေးမှု အခြေအနေနှင့် သင် တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများနှင့် အမျိုးအစားတို့ကိုလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူစိုးက သမဝါယမဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် သမဝါယမအသင်းချေးငွေအကြောင်း၊ အခြေခံစားသောက် ကုန်ရောင်းချပေးနေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်း များက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်း လွှာများအား ရှင်းလင်း၍ စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသူများအနက် (၆၀) ဦး တို့မှ ဖြေဆိုခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။