ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ဖွင့်လှစ် ဧရာဝတီ ၊ ဇွန် ၁၀
ဧရာဝတီ 2023-06-16
Image

  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြု အသက်မွေးဝမးကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ဟင်္သာတမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

        အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာန ပေါ်ပေါက်လာပုံ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များနှင့်  သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်တို့ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု၊ TA/LT ဆရာဆရာမများခန့်အပ်ထားမှုအခြေအနေနှင့် လျှောက်လွှာများတင်ရာတွင် လိုက်နာဆောင်ရွက် ရမည့် အချက်အလက်များကိုလည်းကောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

        ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ဒေါက်တာအောင်သူမျိုး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူး ဒေါက်တာယုန္ဒာအောင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြေအသုံးချရေးဌာနခွဲတာဝန်ခံ ဒေါ်သင်းသင်းဟန် တို့က မွေးမြူရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်္သာတခရိုင်မျိုးစေ့ဌာနခွဲတာဝန်ခံ ဒေါ်ဇာနီမောင်နှင့် ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ခံ ဒေါ်တင်မိုးခိုင်တို့ကမျိုးစေ့နှင့် ရောဂါပိုးမွှားများ အန္တရာယ် အကြောင်း အသိပညာပေးဟောပြောခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်ပေးအပ်ကာ အခမ်းအနားအစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image