“တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်” ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပပြုလုပ် ကရင်၊ ဇွန် ၆
ကရင်ပြည်နယ်၊ ဘားအံ 2023-06-12
Image

       ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ကြီးကြပ်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီး မှူး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်" ကို (၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင်  ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၊ သုဇိတာရာမဘုန်း တော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ/ နည်းဥပဒေများအား သိရှိစေရန်၊ ဒေသခံတိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှုတို့ကို သိရှိနိုင်ရန်နှင့် လိုအပ်ပါ က သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်အတွက် စစ်တမ်းကောက်ယူရ ခြင်းဖြစ်ကြောင်း စသည်ဖြင့်  အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည် နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ/နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူဟာ များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေး မှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းညီသောင်းစိန်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် တိုင်းရင်းသားဘာသာသင်စာအုပ် (G1,G2,G3) စာအုပ်များ၊ ပုံပြ/ ပုံပြင်စာအုပ်များထုတ်ဝေဖြန့်ဝေလျက်ရှိကြောင်းကိုလည်းကောင်း၊ ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူစိန်က ဦးစီးဌာနမှ ဖွင့်လှစ် ထားသော အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ သင်တန်းများနှင့်ပတ်သက်၍လည်ကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်က ကလေးသူငယ်အခွင့်အရေးများ၊ အမျိုးသမီးအခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ မသန်စွမ်းအခွင့်အရေးများ၊ လူမှုရေးပင်စင် များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ထောက်ပံ့ပေးမှု ကိစ္စများအားလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ အငယ်တန်းစာရေး ဦးအောင်ဖြိုးသော်က အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်းကိစ္စများ ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ စစ်တမ်းကောက်ယူရခြင်းလုပ်ငန်းစဉ်၊  ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် တို့ကိုစစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံ တိုင်းရင်းသား (၉၉) ဦးက ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ အဖွဲ့ဝင်များ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ အဖွဲ့ဝင်များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေး အသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 




Image
Image
Image
Image
Image
Image
Image