တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၏ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများအား အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခြင်းအခမ်းအနား
ပုသိမ်၊ မေ ၂၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးသည် သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် Teaching Assistant (TA) နှင့် Language Teacher (LT)များ ခန့်ထားနိုင်ရေးနှင့် အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားနိုင်ရေး၊ တိုင်းရင်းသား စာပေသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများတွင် တိုင်းရင်းသား ဘာသာဖြင့်ပြန်ဆိုရေး၊ တိုင်းရင်းသားစာပေသင်ကြားနိုင်ရေး၊ တိုင်းရင်းသား စာပေပုံနှိပ်ရေးနှင့် အခြားသောတိုင်းရင်းသားရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးတို့ အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် အသင်းအဖွဲ့ တစ်စုတစ်စည်းတည်း ရှိစေရေးအတွက်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသို့ ရန်ပုံငွေ ထောက်ပံ့ပေးအပ်ခြင်းနှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ စီမံခန့်ခွဲမှုလွယ်ကူစေရန်အတွက်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်ထောင်စုအစိုးရအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူ လျင်မြန်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပုသိမ်မြို့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များ၊ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ကရင်၊ ရခိုင်၊ ချင်း စာပေနှင့်ယဉ်ကျေးမှု အသင်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီ က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၆/၂၀၂၂)ဖြင့် ပြဋ္ဌာန်းထားသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်နိုင်စေရေး၊ အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားရာတွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပါ အခန်း(၄) ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင်ခြင်း၊ အခန်း(၇) အသင်း အဖွဲ့၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၉) တားမြစ်ချက်များ၊ အခန်း(၁၀) ပြစ်ဒဏ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ကရင် ၊ ရခိုင် နှင့် ချင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များက သိလိုသည်များအား မေးမြန်းဆွေးနွေးခြင်း၊ တိုင်းအဆင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ခြင်းနှင့် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ကြပါသည်။