ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့တွင် ဖွင့်လှစ် ဧရာဝတီ ၊ မေ ၂၃
ဧရာဝတီ၊ ကျိုက်လတ် 2023-06-02
Image

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာနည်းပညာပေးသင်တန်း”ကို ၂၀၂၃ ခုနှစ်၊မေလ ၂၃ရက်နေ့တွင် ကျိုက်လတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား တောင်သူများ စုစုပေါင်း (၁၈၃)ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ရာ  ပထမပိုင်းအစီအစဉ်တွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင်လင်းက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်းကို လည်းကောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဦးစီးဌာန၏ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ  တာဝန်ခံလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားစာပေသင်ကြား သည့် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများခန့်အပ်ထားမှု အခြေအနေနှင့် လျှောက်လွှာများတင်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို  ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဒေါက်တာ ကျော်မြင့်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးမြင့်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဖျာပုံခရိုင်မြေအသုံးချရေးဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အဲလစ်ခင်မာဝေ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဖျာပုံခရိုင်မျိုးစေ့ဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးအေးမြင့်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဖျာပုံခရိုင်သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးဇော်သန်းဦးတို့က မွေးမြူရေး၊ စိုက်ပျိုးရေး၊ သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် အသုံးချမှုတို့နှင့်ပတ်သက်၍အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်ပေးအပ်ကာ အခမ်းအနား အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။

Image
Image
Image
Image