နွေရာသီကရင်စာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ မဲဆမိတ်ကျေးရွာ၌ ကျင်းပပြုလုပ် ကရင်၊ မေ-၂၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ 2023-05-21
Image

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်အမျိုးသားမျိုးနွယ်စုအသင်းတို့ပူးပေါင်းပြီး နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားကို မေလ (၂၁) ရက်နေ့က လှိုင်းဘွဲမြို့နယ် အ.ထ.က(ခွဲ) မဲဆမိတ်ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အချိန်ကိုအကျိုးရှိစွာဖြင့် မိမိတို့၏စာပေကို လေ့လာသင်ယူရမည်ဖြစ်ပြီး မိမိတို့၏စကား၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်များ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရေး၊ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ စာပေ၊ ဘာသာစကား၊ ထွန်းကားပြန့်ပွားရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထောက်ပံ့ငွေနှင့် ဆုရသင်တန်းသားအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်အားလည်းကောင်း ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုရသင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ကရင်ရိုးရာဒုံးယိမ်းအကဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းကို ဧပြီလ (၁၉) ရက်နေ့မှ မေလ (၁၅)ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှ ကျေးရွာပေါင်း(၃၀)ရွာမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၅၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image