တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများအားရှင်းလင်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယနေ့ ၂၂-၅-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင် ကလာရောက်ကြည့်ရှုအားပေးပါသည်။
မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး တွင် ရေ၊ မီး၊ ဆက်သွယ်ရေးများ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ရေတိုင်ကီများပြန်လည်တပ်ဆင်ခြင်း၊ ရေပိုက်လိုင်းများ သွယ်တန်းခြင်း၊ မီးစက်ဖြင့်လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်ခြင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Mobile tower ကားဖြင့် ဆက်သွယ်ရေးမပြတ်တောက်စေရန် လာရာက်ဆောင်ရွက်ပေးထားခြင်းတို့ကြောင့် ယခုအခါ ရေ၊ မီး၊ ဆက်သွယ်ရေးများ ပြန်လည် ကောင်းမွန်လာပြီဖြစ်ပါသည်။