တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ မိုခါလေမုန်တိုင်း ဘေးဒဏ်သင့် ဝန်ထမ်းများအား ကူညီထောက်ပံ့ငွေများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း အခမ်းအနား စစ်တွေ ၊ မေ (၂၀)
စစ်တွေ 2023-05-20
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတင်လှနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် (၂၀-၅-၂၀၂၃)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး အဆောက်အဦသို့ ရောက်ရှိပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ရုံးအဆောက်အဦ ပျက်ဆီးဆုံးရှုံးမှု အခြေအနေများ၊ ပြန်လည် ပြင်ဆင်ရမည့် အစိတ်အပိုင်းများ၊ ပြန်လည်ဆယ်တင်ရရှိနိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မိုခါမုန်တိုင်းဒဏ်သင့် ဝန်ထမ်း(၁၉)ဦးအား (၁)ဦးချင်းစီ ကူညီ ထောက်ပံ့ငွေ (၂)သိန်းကျပ်စီနှင့် ဆေးဝါး၊ အစားအသောက်၊ ဆိုလာမီးများကို ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက ဝန်ထမ်းများအား အားပေးစကား ပြောကြား ရာတွင် ရုံးအဆောက်အဦ ပျက်ဆီးဆုံးရှုံးသွားသော်လည်း စိတ်ဓာတ်မကျဘဲ စည်းလုံးညီညွှတ်စွာဖြင့်  မည်ကဲ့သို့ ပြန်လည်တည်ဆောက်ကြမည်ကို ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆုံးရှုံးသွားမှုများ အပေါ် လုံ့လ၊ ဝရိယဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာငွေသုံးစွဲမှုများကို လည်း ဘဏ္ဍာရေးစည်းမျဉ်စည်းကမ်းနှင့်အညီ သုံးစွဲရမည်ဖြစ်ကြောင်း အစသဖြင့် အားပေးအမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတင်လှက ကျေးဇူးတင်စကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများအား ယခုကဲ့သို့ လာရောက်စောင့်ရှောင့် ကူညီထောက်ပံ့မှုများ ပေးအပ်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သဘာဝ ဘေးအန္တရာယ်ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ၅နာရီ ၁၅ မိနစ်တွင် ရပ်နားခဲ့ပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image