ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးခဲ့သည့် အခြေအနေများနှင့် ဆိပ်ခံဗောတံတားတည်ဆောက်ရေးလုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခြင်း မေလ (၂၄)ရက်၊ ရန်ကုန်
ရန်ကုန် 2023-05-24
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့မေလ(၂၄)ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းနိုင်၊ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင် စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် သဘာဝ ဘေးအန္တရာယ်ကြောင့် ကျေးရွာအတွင်း ပျက်စီးခဲ့သည့် အခြေအနေများအား ပြန်လည်ပြင်ဆင်နိုင်ရေး ကြည့်ရှု့စစ်ဆေးခြင်းနှင့် ၂၀၂၂−၂၀၂၃ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း (၁၀၀%) ပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကလေးငယ်များ တိုင်းရင်းသားဘာသာအခက်အခဲကို ကျော်လွန်၍ ကျောင်းနေပျော်ပြီး ကျောင်းထွက်နှုန်းလျော့ကျစေရန် တိုင်းရင်းသားဘာသာသင်ကြားနည်းစနစ်များ ပိုမိုစနစ်ကျကောင်းမွန်လာစေရန် ရည်ရွယ်၍ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်ဆောင်ရွက် လျှက်ရှိသည့် တိုင်းရင်းသားသင်ထောက်ကူ Teaching Assistant (TA) နှင့် တိုင်းရင်းသားဘာသာသင် Language Teacher (LT) ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း ၁/၂၀၂၃တွင် တက်ရောက်နေသည့် တိုင်းရင်းသားဆရာ၊ဆရာမများအားတွေ့ဆုံ၍ မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image