“တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပပြုလုပ် ကရင်၊ မေ ၉
ကရင် 2023-05-09
Image

ကရင်ပြည်နယ်အစိုးရအဖွဲ့၊  တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက  “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၀၂၃ ခုနှစ်၊ မေလ ၉  ရက်နေ့ တွင်  ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ ဒုံရင်းတိုက်နယ်၊ ဒုံသို့ကျေးရွာ၊ သောဘိတရာမဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ အဖွဲ့ဝင်များ၊ ပအိုဝ်းတိုင်းရင်းသား ယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၈၇) ဦးတက်ရောက်ခဲ့ ကြပါသည်။

 အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုး က တိုင်းရင်းသားလူမျိုးများ ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား ကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံးများပါဝင်သည့် အမည်များဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြား ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းညီသောင်းစိန်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher  (LT) ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား ပွဲတော်များ ကျင်းပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီပေးမှုများနှင့် တိုင်းရင်းသား ဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ ဖြန့်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နီဝင်း က ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးနှင့် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ၊  နိုင်ငံသားအခွင့်အရေးများ၊ လူငယ်ရေးရာမူဝါဒများနှင့် လူမှုရေးပင်စင်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကျေးလက်ကျန်းမားရေးဌာနခွဲမှ ဆရာမ ဒေါ်နန်းနှင်းသွယ်တာ က  COVID – 19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်တားဆီး ကာကွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊  တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ အငယ်တန်းစာရေး ဦးအောင်ဖြိုးသော် က အမုန်းစကားနှင့်အကြမ်းဖက်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာ ပေးကိစ္စရပ်များနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။

 ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်း ကောက် ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၂) ဦးဖြေဆိုခဲ့ ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Image
Image
Image
Image
Image
Image
Image