“လက်တွေ့အသုံးချကွန်ပျူတာကျွမ်းကျင်မှုသင်တန်း ၂/၂၀၂၃ ” ဖွင့်ပွဲအခမ်းအနား ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ရန်ကုန်၊ မေ ၉
ရန်ကုန် 2023-05-09
Image

 ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “လက်တွေ့အသုံးချကွန်ပျူတာကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၃)” ဖွင့်ပွဲအခမ်းအနားကို (၉-၅-၂၀၂၃)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် IT ပညာရှင်(အကြံပေး) နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ  တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ  တာဝန်ရှိသူများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ 

 အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးမှ အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် IT ပညာရှင် ဦးဌေးလင်းမှ သင်တန်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

“လက်တွေ့အသုံးချကွန်ပျူတာကျွမ်းကျင်မှုသင်တန်း ၂/၂၀၂၃” ကို (၉-၅-၂၀၂၃) ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလမှာ (၁)လတာကြာမြင့်မည် ဖြစ်ပါသည်။

Image
Image
Image
Image
Image