တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရန် ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန် ရန်ကုန် မေလ (၇)
ရန်ကုန် 2023-05-07
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် မေလ (၇)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ တာဝန်ခံနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့ပြီး မိုးရာသီရောက်ရှိတော့မည်ဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တွေ့ဆုံလမ်းညွှန်ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံ လမ်းညွှန်ပြောကြားရာတွင် ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပဲခူးမြစ်မှ ဒီရေလျှံတက်ဝင်ရောက်လာမည့်နေရာများတွင် ဒီရေဝင်ရောက်မှု ကာကွယ်နိုင်ရန် သဲအိတ်များ စနစ်တကျပြုလုပ်၍  ကာရန်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ရေချိုသိုလှောင်ထားသောကန်များအတွင်း ပင်လယ်ဒီရေ ရေငန်များဝင်ရောက်မှုမရှိစေရန် သဲအိတ်များဖို့၍ ကြိုတင်ကာကွယ် စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားရိုးရာအိမ်များ၏ ခြံဝင်းထဲရှိပြိုလဲနိုင်ခြေ ရှိသော အပင်ကြီးများအား ကြိုတင်၍ အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းထားရန်လိုပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လျှပ်စစ်မီး၊ transformer များအား main ခလုတ် အားကြိုတင် ပိတ်ထားရန်လည်းလိုပါကြောင်း၊ ရုံးဌာနရှိ အရေးကြီးစာရွက်စာတမ်းများကို ဉီးစားပေး(၁)၊ (၂) စသည်ဖြင့် မိုးဒဏ်လေဒဏ် ကာကွယ်သောနေရာများသို့ ပြောင်းရွှေ့ထားရန် မှာကြားလိုပါကြောင်း၊ ရှေးဦးသူနာပြုအဖွဲ့မှ လိုအပ်သည့်ဆက်စပ်ပစ္စည်းများ အားဝယ်ယူပြီး စနစ်တကျစုဆောင်း ပြင်ဆင်ဆောင်ရွက်ထားရန်လည်း မှာကြားလိုပါကြောင်း၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆက်သွယ်ရေးပြတ်တောက်မှုများမဖြစ်ပေါ်စေရေး သက်ဆိုင်ရာ ဘေး(စီမံ)ကော်မတီများနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

၎င်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ တည်ဆောက်ပြီး ဆိပ်ခံဗောတံတားအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image