တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် ကရင်(စကော)တိုင်းရင်းသားဘာသာ စာပေသင် TA ဆရာ/ဆရာမများ အတွက် ကရင်စာပေသင်ရိုး G1,G2,G3 Online Teaching လမ်းညွှန်သင်တန်း (၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၅-၄-၂၀၂၃ရက်နေ့(အင်္ဂါနေ့) မွန်းလွဲ ၁၅:၃၀ နာရီအချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး အပေါ်ထပ်အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့များနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများ သင်တန်းသား/သူ Teaching Assistant(TA) ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်မှ ကရင်စာပေသင်ရိုး G1,G2,G3 Teaching Guide DVD အခွေများအား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ ကိုယ်စားလှယ်တစ်ဦးသို့ ပေးအပ်ခဲ့ကာ တိုင်းရင်းသား ရေးရာဝန်ကြီးမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အား အမှတ်တရ လက်ဆောင်ပေးအပ်ပြီး မွန်းလွဲ ၁၆:၃၀ အချိန်တွင် ဖွင့်ပွဲအခမ်းအနားပြီးမြောက်ကြောင်း ကြေညာခဲ့ ါသည်။