အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ၊ ရှမ်းစာပေသင်ကြားသည့် ဆရာ၊ဆရာမများ မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃) နှင့် ရှမ်းရိုးရာယဉ်ကျေးမှုအကနှင့်အခြေခံသိုင်းပညာရပ် သင်တန်းဖွင့်ပွဲ အခမ်းအနား ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ရန်ကုန်၊ ဧပြီ(၂၅)
ရန်ကုန် 2023-04-25
Image

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့  ပူး‌ပေါင်းဆောင်ရွက်သည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲနှင့် တိုက်ကြီးမြို့နယ် ရှမ်းစာပေ၊ ယဉ်ကျေးမှုကော်မတီနှင့် ပူးပေါင်းဆောင်ရွက်သည့် ရှမ်းစာပေသင်ကြားသည့် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း(၃/၂၀၂၃)နှင့် ရှမ်းရိုးရာယဉ်ကျေးမှုအကနှင့်အခြေခံသိုင်းပညာရပ် သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၅-၄-၂၀၂၃) ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ ရှမ်းကျောင်းကြီး ဘုန်းကြီးကျောင်း၊ နှီးဘုရားကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားသို့ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့် အရာထမ်း၊ အမှုထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ တိုက်ကြီးမြို့နယ် ရှမ်းစာပေယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ 

ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက ဝန်ကြီး ဌာနအကြောင်းမိတ်ဆက်ခြင်းနှင့် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းတို့ကို အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တိုက်ကြီးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက  သင်တန်း နှင့်စပ်လျဉ်း၍ လက်တွေ့အသုံးချတတ်ရန်နှင့် အစဉ်လေ့လာရန်  သင်တန်းသား/ သင်တန်းသူများ အား အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခင်စန်းမြင့်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ် ရှမ်းစာပေ၊ယဉ်ကျေးမှု ကော်မတီမှ သိုင်းပညာရှင်က ရိုးရာစာပေယဉ်ကျေးမှု၊ အကပညာများနှင့် သိုင်းပညာများကို ထိန်းသိမ်းရန်တို့ကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။    

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက အခြေခံစက်ချုပ် သင်တန်းတွင် ဆုရရှိသည့် သင်တန်းသား/သူများကို ဆုချီးမြှင့်ရာ ပထမဆုရရှိသည့် သင်တန်းသူ အား အပ်ချုပ်စက်တစ်လုံးနှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်း သူနှင့် တတိယဆုရရှိသည့် သင်တန်းသားအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ် ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/ သူများကိုယ်စား သင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့ပါသည်။  

 ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို နေ့လယ်ပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image