အခြေခံစက်ချုပ်နှင့်မော်တာနင်းသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သဲဖြူအုပ်စု၊ ကျောင်းစုကျေးရွာ၊ ဘုရားကျောင်းခန်းမ တွင်ကျင်းပ တိုက်ကြီး ဧပြီ ၆
တိုက်ကြီး 2023-04-06
Image

 ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းကျင်းပသော “အခြေခံစက်ချုပ်နှင့်မော်တာနင်းသင်တန်း(၁/၂၀၂၃)  သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း” အခမ်းအနားကို (၆-၄-၂၀၂၃) ရက်နေ့နံနက် (၁၀:၀၀) နာရီ အချိန်တွင် တိုက်ကြီးမြို့နယ်၊ သဲဖြူအုပ်စု၊ ကျောင်းစုကျေးရွာ၊ ဘုရားကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းနည်းပြ၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများနှင့် သင်တန်းသူများအပါအဝင် စုစုပေါင်း   (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ 

 ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သင်တန်းဖွင့်လှစ်ပေးသည့်အခြေအနေနှင့် စက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် တိုင်းရင်းသားတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေးများတို့ကို  ရှင်းလင်းပြောကြားခြင်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်း၊နာယက ဦးစောတင်စိုးမှ သင်တန်းသူများအား ယနေ့ခတ်တွင် လက်မှု၊စက်မှု အတက်ပညာ များ တက်မြောက်မှုရှိစေရန်နှင့် မည်သည့်အတက်ပညာမဆို တက်မြောက်မှုရှိလျှင် လိုအပ်လာပါက မည်သည့်နေရာ၌မဆို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခြင်း၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ လက်ထောက်နည်းပြ ဒေါ်ဆုမွန်ကျော်မှ သင်တန်းသူများအား သင်ကြား တက်မြောက်ထားသော ပညာရပ်အား ဆက်လက်လေ့ကျင်ကြစေရန်  ရှင်းလင်းပြောကြားခြင်း၊ တိုက်ကြီးမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ဥက္ကဌ ဦးစောနိကယ်က  အခြေခံစက်ချုပ် နှင့် မော်တာနင်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။

 ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းမှ သင်တန်းနည်းပြ ဒေါ်ဆုမွန်ကျော်အား နည်းပြဂုဏ်ပြုငွေ ပေးအပ်ခဲ့ပါသည်။ 

 ထို့နောက် သင်တန်း၌ ဆုရရှိသူများအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းမှ ဆုချီးမြှင့်ပြီး သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပါသည်။

ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်ကြသူများအား အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image