ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “ကွန်ပျူတာအခြေခံသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း” အခမ်းအနားကို (၆-၄-၂၀၂၃) ရက်နေ့နံနက် (၀၈:၃၀) နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နည်းပညာ အကြံပေး ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးမှ အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေသင်ကြားသည့် TA/LT ဆရာ/ဆရာမများအား ကွန်ပျူတာအသုံးပြုတက်စေရန် စိတ် စေတနာဖြင့် ဖွင့်လှစ်ခြင်း ဖြစ်သည့်အလျောက် ယနေ့ခေတ်ဟာ IT ခေတ် ဖြစ်တာနဲ့အညီ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကို ကိုယ့်ရပ်ရွာကိုယ့်ဒေသရှိ ကိုယ့်လူမျိုးတွေ နောက်ကျ မကျန်ရစ်စေရန် နှင့် သင်တန်းတက်မြောက်ပြီးသော TA/LT ဆရာ/ဆရာမ များကလည်း မိမိတို့ သင်ကြားတက်မြောက်ပြီးဖြစ်တဲ့ ပညာရပ်တွေကို ပြန်လည်မျှဝေသင်ကြားပေးကြပါ၊ တတ်သိပြီး သလောက်နဲ့ ရပ်တန့်မနေဘဲ၊ဆက်လက်လေ့လာသင်ယူကြိုးစားကြပါ၊ ယနေ့ခေတ်မှာ ကွန်ပျူတာ ဟာ လုပ်ငန်းသုံးသာမက နယ်ပယ်ကဏ္ဍအသီးသီးမှာပါ အသုံးပြုနေကြတာ ဖြစ်တဲ့အတွက် မျိုးဆက်သစ်လူငယ်များအနေနဲ့ မရှိမဖြစ် တက်မြောက်ထားသင့်သည့်ပညာရပ် ဖြစ်ကြောင်း ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နည်းပညာ အကြံပေး ဦးဌေးလင်းမှ IT ခေတ် ဖြစ်သည်နှင့်အညီ တိုင်းရင်းသားလူမျိုးများကိုလည်း နည်းပညာများ လေ့လာတက်မြောက်စေရန် နှင့် တိုင်းရင်းသား ဘာသာ လက်ကွက်များ အသုံးပြုနိုင်ရန် မိမိတို့နည်းပညာဖြင့် ပြုလုပ်နေပြီဖြစ် ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းနည်းပြ ဦးထွန်းတိမ်လွှာစိုးအား နည်းပြဂုဏ်ပြုငွေကို လည်းကောင်း၊ သင်တန်းသူ/ သင်တန်းသားများ ကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်း လက်မှတ်များအား လည်းကောင်း ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်း နှင့် အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။