တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ နေပြည်တော် မတ် ၃၁
နေပြည်တော် 2023-03-31
Image

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ (၃၁) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။

 ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အခမ်းအနားသည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ (၃)ပတ်ကြာ ဖွင့်လှစ်ခဲ့သည့် ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၃)၏ သင်တန်းဆင်းပွဲ  အခမ်းအနား ဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်များဖြစ်သည့် ဝန်ထမ်းများ၏ လုပ်ငန်းခွင်စွမ်းရည်နှင့် ကိုယ်ရည်ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းကို ဝန်ကြီးဌာန၏ အရေးကြီးလုပ်ငန်းစဉ်များထဲမှ တစ်ခုအဖြစ်သတ်မှတ်ပြီး လိုအပ်သည့်သင်တန်းများကို အလေး ထားဖွင့်လှစ် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ တနည်းအားဖြင့် ဖန်တီးနိုင်စွမ်းနှင့် စိတ်ဓာတ် စည်းကမ်းကောင်းမွန်သည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ခြင်းသည် နိုင်ငံတော် ၏ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းကောင်းများကို ပြုစုပျိုးထောင်ခြင်းပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီး ဌာနမှ ဝန်ထမ်းများကအစပြုပြီး လူ့စွမ်းအားအရင်းအမြစ် ကောင်းများမြောက်များစွာ ပေါ်ပေါက် စေလိုပါကြောင်း၊ သက်ဆိုင်ရာပညာရပ်များတွင်လည်း အဆင့်မီမီ၊ အဆင့်မြင့်မြင့် ကျွမ်းကျင်        တတ်မြောက်စေလိုပါကြောင်း၊ ယနေ့ ကွန်ပျူတာနည်းပညာနှင့်ဆက်စပ်ပြီး Artificial Intelligence (AI), Blockchain, Cloud Computing, Data စသည်ဖြင့်  ဆန်းသစ်နေသော ပညာရပ်များကို ဆက်လက်လေ့လာသွားရန်နှင့် အစဉ်တစိုက်လေ့လာ ဆောင်ရွက်ခြင်းသည် Lifelong Learning ပင် ဖြစ်သည်ကိုမှာကြားလိုပါကြောင်း၊ အတတ်ပညာတစ်ခုအတွက် သင်တန်းကာလ (၃) ပတ်သည် အင်မတန် တိုတောင်းလွန်းပါကြောင်း၊ သို့သော် သင်တန်းမှ သင်ကြားပေးမှုများအပေါ် အခြေခံပြီး ဆင့်ကာဆင့်ကာ ဆက်လက်လေ့လာ သင်ယူမှုများ၊ လေ့ကျင့်မှုများ လုပ်သွားကြမည်ဆိုပါက မကြာမီအချိန်တွင် ပိုမိုစွမ်းရည်ပြည့်ဝသည့် ဝန်ထမ်း ကောင်းများဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ ကွန်ပျူတာအကြောင်းကို ယခုသင်တန်းဆင်းပြီးသည့်နောက်တွင်လည်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာသွားကြရန် တိုက်တွန်း လိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်   ကွန်ပျူတာအခြေခံသင်တန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နောက်ထပ်ဖွင့်လှစ်နိုင်ရေး  ရည်မှန်းချက်တစ်ရပ်ထားပြီး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ဤသင်တန်းမှ ထူးချွန်သင်တန်းသား (၃) ဦးကို စိစစ် ရွေးထုတ်ပြီး ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ပြီး သင်တန်းတစ်ခု အောင်အောင်မြင်မြင် ပြီးမြောက်အောင် အဖက်ဖက်မှ  ကြိုးပမ်းဆောင်ရွက်ပေးကြသော သင်တန်းမှူး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့်တကွ တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းကို မှတ်တမ်းတင်ပြောကြားလိုပါကြောင်း၊ "တတ်ပြီးပညာမလေ့လာ၊ မကြာမရှည်ပျောက်တတ်သည်" ဆိုရိုးအတိုင်း သင်တန်းကပို့ချခဲ့သည့် သင်ခန်းစာများကိုလည်း လက်တွေ့နယ်ပယ်တွင် စဉ်ဆက် မပြတ် ပြန်လည်အသုံးချနိုင်ရေးအတွက် နိုင်ငံတော်ကထုတ်ပြန်ထားရှိသည့် ရုံးလုပ်ငန်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဂရုပြုပြီး ဆက်လက်ကြိုးစားသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း၊ မည့်သည့်ရာထူး၊ မည်သည့်တာဝန်များ ထမ်းဆောင်နေသည်ဖြစ်စေ အချင်းချင်း အပြန်အလှန်လေးစားသင်ယူခြင်း၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ကြပြီး နိုင်ငံတော်မှထုတ်ပြန်ထားရှိသည့် ဝန်ထမ်းကျင့်ဝတ်များ၊ သစ္စာအဓိဋ္ဌာန် စည်းကမ်းများနှင့်အညီ မိမိဘဝတိုးတက်ရေး၊ မိမိဌာနတိုးတက်ရေးမှသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအထိ ရှေ့သို့မြှင့်တင် သယ်ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်၍ သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူ အား ဆုချီးမြှင့်ပေးအပ်ပါသည်။

ယင်းနောက် ဒုတိယဆုရရှိသည့် သင်တန်းသားအား အမြဲတမ်းအတွင်းဝန်က လည်းကောင်း၊  တတိယဆုရရှိသည့် သင်တန်းသူအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ အသီးသီးဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်   ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

 ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနရှိ ကွန်ပျူတာသင်တန်းခန်းမသို့ သွားရောက်၍ သင်တန်းဆင်း  သင်တန်းသား၊ သင်တန်းသူများ၏ လက်တွေ့ကွန်ပျူတာအသုံးပြုနေမှုများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့ပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image