ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်တွင် ဖွင့်လှစ် ဧရာဝတီ၊ မတ်လ ၂၈
ဧရာဝတီ 2023-03-28
Image

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့်  တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ မြို့မခရစ်ယာန်ဘုရားရှိခိုးကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၂၀၈)ဦး တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် တက်ရောက်ဖွင့်လှစ်အမှာစကားပြောကြားခဲ့ပါသည်။

    ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူက မိတ်ဆက်စကားပြောကြားပြီး တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားခဲ့ကာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ ဆောင်ရွက်ချက်မျာ အား ရှင်းလင်းပြောကြားခဲ့ပါသည်။

      ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာသိန်းဆွေဦးက မွေးမြူရေးနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း မွေးမြူရေးကဏ္ဍပိုမိုထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများဖြစ်သည့် မျိုးမြှင့်တင်ရေးလုပ်ငန်းများအ ကြောင်း Unit Plan လုပ်ငန်းများ ၊ မြစိမ်းရောင်အသားကဏ္ဍဆောင်ရွက်နေမှု GAHP အကြောင်းတို့ကို အသိ ပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြေအသုံးချမှု၊ မျိုးစေ့ထုတ်လုပ်ရေး ၊ သီးနှံကာကွယ်ရေးဌာနခွဲမှ တာဝန်ရှိသူများက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုး ရေးနည်းစနစ်သစ်များအကြောင်းနှင့် တောင်သူများသိသင့်သိထိုက်သော အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

         ထို့နောက် တက်ရောက်လာကြသူများအား  အမှတ်တရလက်ဆောင်များပေးအပ်ပြီးနောက် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image