“တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့အကြို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက် ကြည်ညိုခဲ့ကြပါသည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အေးမြရွှေပြည် ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသက ထံမှ ဧည့်ပရိတ်သတ်များက သရဏဂုံ (၃) ပါး နှင့် တကွ (၅) ပါး သီလ ခံယူဆောက်တည်ကြပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ နဝကမ္မအလှူတော် ငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ခေါက်ဆွဲခြောက် အစရှိသော လှူဖွယ်ဝတ္တုအစုစုတို့ကို လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။
ထို့နောက် ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွား သရဇ္စျာယ် ချီးမြှင့်တော် မူကြပြီး အခမ်းအနားကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ ပါသည်။