တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” အခမ်းအနား မြေပုံမြို့တွင်ကျင်းပ မြေပုံ၊ မတ် ၂၃
မြေပုံ 2023-03-23
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ဦးဆောင်၍  မြေပုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” အခမ်းအနားကို ၂၃-၃-၂၀၂၃ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ မြေပုံမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရခိုင်၊ အရှိုချင်း၊ လေးတူချင်း၊ စုမ်းတူချင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌများ၊ မြေပုံမြို့နယ်ရှိ ချင်းတိုင်းရင်းသားများအပါအဝင် စုစုပေါင်း (၉၇)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး နောက် လေးတူချင်းတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေကပြကြပါသည်။ ထို့နောက် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ 

ဆက်လက်၍  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဌာနအကြောင်းသိကောင်းစရာများ မိတ်ဆက်ခြင်း၊ မိမိတို့ဦးစီးဌာန၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတို့ကိုလည်းကောင်း၊ မြေပုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး စောဦးထွန်းက လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးအကြောင်း သိကောင်းစရာများ ကိုလည်းကောင်း၊  လူမှုဝန်ထမ်းဦးစီးဌာန၊ မြေပုံမြို့နယ်ဦးစီးမှူး  ဦးမျိုးမင်းက ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင် ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမောင်သန်းဦးက တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေကိုလည်းကောင်း၊ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ဆန်းစစ်စီမံခြင်း စစ်တမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။  ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက တက်ရောက်လာကြသူ များ၏ တိုင်းရင်းသားရေးရာနှင့် ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တိုင်းရင်းသား လူငယ်(၆၀)ဦးက စစ်တမ်းမေးခွန်းများကို ဖြေဆိုခဲ့ကြပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image