ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် “အခြေခံစက်ချုပ်နှင့် မော်တာနင်းသင်တန်း” (၂/၂၀၂၃) ဖွင့်လှစ် ရန်ကုန်၊ မတ်( ၂၃)
ရန်ကုန် 2023-03-23
Image

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရေး ရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ “အခြေခံစက်ချုပ်နှင့် မော်တာနင်းသင်တန်း (၂/၂၀၂၃)ဖွင့်ပွဲ” အခမ်းအနားကို (၂၃-၃-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ ရှမ်းကျောင်းကြီး ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

  အခမ်းအနားသို့ တိုက်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြဝင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ တိုင် ရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ ပြန်ကြားရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းကလျာခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ အိမ်တွင်းမှုသင်တန်းကျောင်းမှ ဦးစီးမှူး ဒေါ်ခင်မိမိသီ နှင့် လက်ထောက်နည်းပြ ဒေါ်ဧကရီစံ၊ ရှမ်းစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ တိုက်ကြီးမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများအပါအဝင် စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

    ပထမဦးစွာ တိုက်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်မှ ဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်းနှင့် ဦးစီးဌာန၏ လုပ်ငန်း တာဝန်များနှင့် TA/LT ခန့်ထားပေးမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေအနေများနှင့် စက်ချုပ်သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်မှ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ 

 အဆိုပါ အခြေခံစက်ချုပ်နှင့် မော်တာနင်းသင်တန်းတွင် အိမ်တွင်းမှုသင်တန်းကျောင်းမှ လက်ထောက်နည်းပြ ဒေါ်ဧကရီစံက သင်ကြားပို့ချသွားမည်ဖြစ်ပြီး တိုက်ကြီးမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားတိုင်းရင်းသူ (၂၀)ဦးတို့ တက်ရောက်ကာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၂၈ ရက်နေ့အထိ (၁) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image