ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ဖိုရမ် မြိတ်မြို့တွင် ကျင်းပ မြိတ် မတ် ၂၃
မြိတ် 2023-03-23
Image

 (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဖိုရမ်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူး၍ မြိတ်ခရိုင်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်း အဝေးခန်းမတွင် မတ်လ(၂၃)ရက်မှ (၂၅)ရက် အထိ ကျင်းပလျက်ရှိရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးများမှ ဦးဆောင်ဆွေးနွေးလျက်ရှိကြသည်။

 နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှသာလျှင် နိုင်ငံတော် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး တန်းတူညီမျှရှိကြောင်း(၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းပြဌာန်းထားရှိပြီးဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံသားတိုင်း၏ တာဝန်နှင့် ဝတ္တရားများ၊ အခွင့်အရေးများကို သိရှိနားလည်အောင် လေ့လာကြဖို့ လိုအပ်ပြီး နိုင်ငံ သားအခွင့်အရေးများကို အပြည့်အဝရယူခံစား၍ နိုင်ငံတော်အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော် အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယနေ့ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာဖိုရမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကို ထားဝယ်မြို့တွင် ကျင်းပခဲ့သည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဖိုရမ်ဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက ကျင်းပ ခဲ့ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဝဏ္ဏကျော်ထင် ဦးဇော်အေးမောင် က ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ၊ မျိုးချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ် ထားရှိသင့်သည်များကို အသိ ပညာများ မျှဝေပေးသည့် ဆွေးနွေးပွဲဖိုရမ်ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာ က ဖိုရမ်ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ဆွေးနွေးပို့ချမည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

 ထို့နောက် မြိတ်ကတ်သလစ်ခရစ်ယာန်ကျောင်းသို့ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ စာအုပ်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များသို့ ထောက်ပံ့ငွေများ၊ ကချင်ရိုးရာ တိုင်းရင်း သားဝတ်စုံများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်လှူဒါန်းရာ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကာ ဖိုရမ်ကို စတင်ဆွေးနွေးခဲ့ကြသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဖိုရမ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ် က တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်းနေ သည့် စိန်ခေါ်မှုများနှင့် အခွင့်အလှမ်းများ၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးဆုံးအချက် စသည့် ခေါင်းစဉ်ဖြင့် (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ၊ ဒုတိယဝန်ကြီးက မြန်မာ့ပထဝီ နိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေး၊ လက်ရှိကမ္ဘာ့အရေးအခြေအနေနှင့် ပြည်ထောင်စုစိတ်ဓာတ်အကြောင်းကို ဦးဆောင် ၍ စတင်ဆွေးနွေး ပို့ချခဲ့ကြသည်။

  အဆိုပါ ဖိုရမ်သို့ မြိတ်ခရိုင်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုင်းရင်း သားရေးရာဝန်ကြီးများမှ ဆက်လက်ဆွေးနွေးပိုချကြမည်ဖြစ်ပြီး အပြန်အလှန် မေးမြန်းခြင်း၊ ဖြေကြားခြင်းဖြင့် ဆွေးနွေးပွဲ ဖိုရမ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ခိုင်ထူး ( ပြန်/ဆက် )

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image