ရိုးရာဂျက်ခုတ်ရက်ကန်းသင်တန်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ ချင်းရိုးရာအိမ်တွင် ဖွင့်လှစ် ရန်ကုန်၊ မတ်လ(၂၀)
ရန်ကုန် 2023-03-20
Image

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “ရိုးရာဂျက်ခုတ်ရက်ကန်းသင်တန်းဖွင့်ပွဲ” အခမ်းအနားကို (၂၀-၃-၂၀၂၃) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၊ ကပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဗိုလ်တထောင်ခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သူရိန်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးညွန့်ဝေ၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာနှင့်နည်းပြများ၊ သင်တန်းသားများ၊ ဒေသခံတိုင်းရင်းသားများ အပါအဝင် စုစုပေါင်း(၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ ဗိုလ်တထောင်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်မှ အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက ဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရိုးရာဂျက်ခုတ်ရက်ကန်းသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ချင်းရိုးရာအိမ်၌ ပြသထားသည့် ရက်ကန်းစင်နှင့် လိုအပ်သည့်ပစ္စည်းတို့ကို ကြည့်ရှုပြီး သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image