“အခြေခံစက်ချုပ်နှင့် မော်တာနင်းသင်တန်း” ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဖွင့်လှစ် မတ် ၁၃၊ ရန်ကုန်
ရန်ကုန် 2023-03-13
Image

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “အခြေခံစက်ချုပ်နှင့်မော်တာနင်းသင်တန်းဖွင့်ပွဲ” အခမ်းအနားကို (၁၃-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သဲဖြူအုပ်စု၊ ကျောင်းစုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစောဂျက်ကော့ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးမြဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ ဗိုလ်မှူးကြီးလွင်မင်းရှိန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊ ဦးစိုးဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးအောင်ကျော်စိုး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး၊ ဒေါ်သန်းသန်းဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမြင့်နှင့် သင်တန်းနည်းပြ ဆရာမ များ၊ အဖျောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဇော်မင်းထွေးနှင့်အဖွဲ့ဝင်များ၊ အဖျောက်မြို့နယ်ကရင် စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကျောင်းစုကျေးရွာမှ ဒေသခံတိုင်းရင်း သားများအပါအဝင် စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ 

ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သန်းသန်းဝင်း မှ ဝန်ကြီးဌာနဖွဲ့စည်းပုံနှင့် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊  သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည် ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ စက် ချုပ်သင်တန်းဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ကြပြီး ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးမြဝင်းမှ သင်တန်းသားများအား အားပေးစကား ပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အဖွဲ့သည် စက်ချုပ်သင်တန်းသို့ တက်ရောက်သည့် သင်တန်းသားများ၏ သင်ကြား ပေးနေမှု အခြေအနေနှင့် စက်ချုပ်သင်တန်းအတွက် လိုအပ်သည့်ပစ္စည်းများ ခင်းကျင်းပြသမှုအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image