“တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့တွင်ကျင်းပ မတ်လ ၁၂ ၊ ညောင်တုန်း
ညောင်တုန်း 2023-03-12
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံ ခြင်းအစီအစဉ်ကို (၁၂.၃.၂၀၂၃)ရက်နေ့တွင် ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၂၀၁)ဦး တက်ရောက်ခဲ့ပါသည်။ 

       အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်း ခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညောင်တုန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး နော်သဝါးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာနပေါ်ပေါက်လာပုံနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဦးစီးအရာရှိ နမ့်စီးဖောင်က Teaching Assistant (TA) ၊ Language Teacher (LT) ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ညောင်တုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးက သီးနှံအထွက်တိုးစေမည့်နည်းလမ်းများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက သားငါးမွေးမြူခြင်း၊ ကုသခြင်း နည်းလမ်းများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်‌ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။

      ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်စန်းက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား(၈၁)ဦး တို့မှ ဖြေဆိုခဲ့ကြပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image