တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ ဒုတိယအကြိမ် “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာ ပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်း စစ်စီမံခြင်း” အစီအစဉ်ကို ၁၁-၃-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ ကရင်စုရပ်ကွက်၊ ဇေယျာသိရီအကျဉ်းဦးစီးကျောင်းတိုက်ဝန်း၌ ကျင်းပပြု လုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ဦးစောလင်းအောင်၊ သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များနှင့် ဒေသခံတိုင်းရင်းသား(၉၀)ဦး၊ စုစုပေါင်း(၁၁၀)ဦး တက် ရောက်ခဲ့ပါသည်။
အခမ်းအနားကို နံနက်(၀၉:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး သာယာဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုသီရိအေးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်စကား ပြောကြားခြင်း၊ သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးအခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ သက်ကြီးရွယ်အို၊ ရှေးဦး ကလေးသူငယ်၊ လူငယ်ရေးရာမူဝါဒတို့နှင့်ပတ်သက်သည့် အခွင့်အရေးဆိုင်ရာအသိပညာ ပေးအစီအစဉ်တို့ကို အသိပညာပေးပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစန်းယုဝင်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ အကြောင်း အသိပညာပေးပြောကြားခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြတ်သူက နည်းဥပဒေ အကြောင်း အသိပေးပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ဧည့်သည်တော်များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်၍ ဒေသခံတိုင်းရင်းသား (၈၀)ဦးတို့အား ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများကို အုပ်စုခွဲ၍ ကောက်ယူပြီး တက်ရောက်လာသည့် တိုင်းရင်းသားများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။