လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သင်ယူတတ်မြောက်ပြီး ကိုယ်ပိုင်အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်းများ ထူထောင်နိုင်ကာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိစေရန်နှင့် ဝန်ထမ်းမိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးဆောင်ရွက်
နေပြည်တော် 2023-03-13
Image

    မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ခဲ့ ကြပါသည်။ 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဤသင်တန်းကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သင်ယူတတ်မြောက်စေရန်၊ နည်းပညာများကို နားလည်တတ်မြောက်ပြီး ကိုယ်ပိုင်အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို ထူထောင်နိုင်ကာ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိစေရန်နှင့် ဝန်ထမ်းမိသားစုများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် နေ့စဉ်လူအများ မရှိမဖြစ်သုံးစွဲလျက်ရှိသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဘက်စုံသုံးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည် ၊ ရေချိုးဆပ်ပြာရည် ၊ ပန်းကန်ဆေးဆပ်ပြာ ရည်၊ ဆပ်ပြာခဲအမျိုးမျိုး၊  သဘာဝခေါင်းလျှော်ရည်၊ ဆပ်ပြာကရင်မ် နှင့် Hand Gel တို့ကို ထုတ်လုပ်သည့် နည်းပညာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက မေတ္တာ၊ စေတနာ၊ ဝါသနာကို အရင်းခံပြီး (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှလည်း “သွင်းကုန်အစားထိုးရန်နှင့်ပို့ကုန်မြှင့်တင်နိုင်ရေးဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့်အသေးစား၊အငယ်စား၊ အလတ် စား စီးပွားရေးလုပ်ငန်း (MSME)များကို ရေရှည် အာမခံချက် ရှိအောင်အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့်  အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဟု စီးပွားရေးဦးတည်ချက် (၄) ရပ်တွင် လမ်းညွှန်ချမှတ်ထားပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသားဒေသများတွင် လိုအပ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်များတွင် ဦးစီးဌာန၏ဘဏ္ဍာငွေဖြင့်  ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အသက်မွေးဝမ်း ကျောင်း ပညာသင်တန်း (၃)ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား/ သူ  (၇၃) ဦးကို သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များတွင်လည်း ကချင်ပြည်နယ်တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့်ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းပညာ သင်တန်း(၃)ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီး ဘဏ္ဍာငွေဖြင့် (၁)ခု၊ ရန်ကုန် တိုင်းဒေသကြီးတွင် တိုင်းဒေသကြီး ဘဏ္ဍာငွေဖြင့် (၁၂)ခု၊ ရှမ်းပြည်နယ်တွင် ပြည်နယ်ဘဏ္ဍာငွေဖြင့် (၄)ခုတို့ကို ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား/ သူ စုစုပေါင်း (၄၄၅) ဦးကို အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပို့ချပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နောင်တွင်လည်း တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ်တွင် “တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ”ကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၁)အထောက်အပံ့ ဖြင့်တည်ဆောက်လျက်ရှိပါကြောင်း၊ထိုသင်တန်းစင်တာအဆောက်အဦကို၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ပါကြောင်း၊ ထိုစင်တာပြီးစီးပါက မိမိတို့နိုင်ငံတွင်းသာမက နိုင်ငံတကာနှင့်ပူးပေါင်းပြီး  အသက်မွေးဝမ်းကြောင်း နည်းပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် “တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်” ဟူသော ဝန်ကြီးဌာန၏ မျှော်မှန်းချက် ပြည့်ဝအောင်မြင်နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်မည့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ပါဝင်တက်ရောက်ကြမည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးမည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် သည့်နည်းပညာများကို အပတ်တကုတ် ကြိုးစားသင်ယူပြီး တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိရေးအတွက် အသုံးချနိုင်ကြပါစေကြောင်းနှင့် (MSME) ကိုယ်ပိုင်အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကိုထူထောင်နိုင်ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် နိုင်ငံ၏စီးပွားရေးလုပ်ငန်းတိုး တက်ရေးအတွက် အထောက်အကူပြုပြုသို့ တက်လှမ်းနိုင်အောင် ကြိုးစားကြပါရန် တိုက်တွန်း လိုပါကြောင်း ပြောကြားပါသည်။

    ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းလောဝ်ဟွမ်က သင်တန်းဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ပါသည်။ 

 ၎င်းနောက် အခမ်းအနားတွင် သင်တန်းနည်းပြများနှင့် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများက  တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြပါသည်။ 

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပါသည်။

    ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် အသုံးပြုမည့် အ‌ထောက်အကူပစ္စည်း များကို လိုက်လံကြည့်ရှုပြီး သင်တန်းနည်းပြများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

      ဤသင်တန်းကို (၁၃-၃-၂၀၂၃) ရက်နေ့မှ (၁၇-၃-၂၀၂၃) ရက်နေ့အထိ (၅) ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချ‌ပေးမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image