တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ သက်မွေးပညာသင်တန်းစင်တာ အဆောက်အဦ တည်ဆောက်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး တောင်ကြီး၊ မတ်(၈)
တောင်ကြီး 2023-03-08
Image

  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အဦတည်ဆောက်ပြီးစီးမှု အခြေနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

  ပထမဦးစွာ မြေညီထပ် ရှင်းလင်းဆောင်တွင် အဆောက်အဦကို တာဝန်ယူတည်ဆောက်နေသည့် မိုးယံဝင့်ချီကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။    

 ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းနှင့်အညီတည်ဆောက်သွားရန်၊ အောက်ထပ်ဘယ်/ညာပြတင်းပေါက်(၄)ပေါက် သံပန်း တပ်ဆင်ရန်၊ အောက်ထပ်ဘယ်ထိပ် ညာထိပ် exhaust fan တပ်ဆင်ရန်၊ အိမ်သာ (၂၂) ခန်း exhaust fan တပ်ဆင်ရန်နှင့် အရည်အသွေးပြည့်မှီအောင် တည်ဆောက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦတည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

  မတ်လ (၉) ရက်နေ့ နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်နှင့်အညီ ကျင့်ကြံဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏ ဦးတည်ချက်၊ ရှေ့လုပ်ငန်းစဉ်များအား အောင်မြင်စွာအကောင် အထည်ဖော်နိုင်ရေးအတွက် ကြိုးစားအားထုတ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွှတ်စွာနေထိုင်သွားရန်နှင့် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များပါ လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့်အညီ အပြစ်မရှိစေရေး ကျင့်ကြံနေထိုင်သွားရမည်ဖြစ်ပါကြောင်း၊ ရုံးအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် ငွေစာရင်း ဆိုင်ရာကိစ္စများအား စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်၊ ရုံးအဆောက်အအုံ လုံခြုံမှု ရှိစေရေး၊ ရုံးလုပ်ငန်း လျှို့ဝှက်ချက် မပေါက်ကြားစေရေးနှင့် မီးဘေးလုံခြုံရေးတို့ကို အထူးဂရုစိုက်ရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

  ထို့နောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image