တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံ စစ်တွေ ဖေဖော်ဝါရီလ(၂၇)ရက်
စစ်တွေ 2023-02-27
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဖေဖော်ဝါရီလ(၂၇)ရက် ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ပထမဦးစွာ ဒုတိယဝန်ကြီးဦးဇော်အေးမောင် က တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန် (၆)ချက်နှင့်အညီ ကျင့်ကြံဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏ ဦးတည်ချက် ၊ ရှေ့လုပ်ငန်းစဉ်များအား အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးစားအားထုတ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွှတ်စွာ နေထိုင်သွားရန်နှင့် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ လိုက်နာရမည့် အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များနှင့်အညီ အပြစ်မရှိစေရေး ကျင့်ကြံနေထိုင်သွားရမည် ဖြစ် ကြောင်း၊ ရုံးအဆောက်အအုံလုံခြုံမှုရှိရေး၊ ရုံးလုပ်ငန်းများ လျှို့ဝှက်ချက်မပေါက်ကြားစေရေးနှင့် မီးဘေး လုံခြုံရေးတို့ကို အထူးဂရုစိုက်ရန်မှာကြားပါသည်။ထို့နောက် ဝန်ထမ်းများအား တစ်ဦးချင်းစီတင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

Image
Image
Image
Image
Image
Image
Image