တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၁၀-၂-၂၀၂၃) ရက်နေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ထလုံကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝင်းတင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၂၃)ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်နှင့် မဟာဗျူဟာရေးဆွဲမှု အခြေအနေများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးဝါက လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်သည့် လုပ်ငန်းများအကြောင်းကို လည်းကောင်း၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင် က တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားရိုးရာပွဲတော်များ ကျင်းပနိုင်ရေးနှင့် ကရင်စာပေ၊ ပအိုးဝ်စာပေနှင့် မွန်စာပေယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေလျက်ရှိ သည့် Grade 1, 2, 3 သင်ရိုးစာအုပ်များ၊ တိုင်းရင်းသားဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ ထုတ်ဝေ ဖြန့်ဖြူးလျက်ရှိသော ပုံပြ/ပုံပြင်စာအုပ်များအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က အမုန်းစကားနှင့်အကြမ်းဖက်လှုံ့ဆော်မှုကိုတားဆီးခြင်း ဆိုင်ရာ အသိပညာပေးကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်များ အကြောင်းကိုလည်းကောင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် မေးခွန်းလွှာများ အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း" စစ်တမ်းကို ကောက်ယူခဲ့ရာ တက်ရောက်လာသူ(၁၀၀)ဦးတို့မှ ဖြေဆိုခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။