ဝန်ထမ်းများနှင့် လုပ်ငန်းတွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော် ဖေဖော်ဝါရီ ၃
နေပြည်တော် 2023-02-03
Image

တိုင်းရင်းသားလူမျိုများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် လုပ်ငန်းတွေ့ဆုံ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍  အမှာစကားပြောကြားပါသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများသည် အခြားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အရည်အသွေးမီ ရင်ဘောင်တန်းနိုင်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအတွင်း လှည့်လည်စစ်ဆေးရာတွင် စနစ်တကျရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝတ်စားဆင်ယင်မှု သပ်ရပ်ရမည်ဖြစ်ပြီး  ပြောဆိုဆက်ဆံရာတွင် ပြေပြစ်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများကို ဌာနစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းကိုစည်းလုံးညီညွတ်စွာဖြင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် အရာထမ်း၊ အမှုထမ်းများအလိုက် မိမိတို့၏တာဝန်နှင့် ဝတ္တရားများကို ပိုမိုသိရှိလိုက်နာပြီး စေတနာထားဆောင်ရွက်ရမည် ဖြစ်ပါ‌ကြောင်း၊ သင်တန်းများတက်ရောက်ပြီး အရည်အသွေး မြှင့်တင်ထားရှိရန် မှာကြားလိုပါကြောင်း၊ သို့မှသာ လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစီးတာဝန်နှင့်အညီ မှန်ကန်မြန်ဆန်ပြီး အမှားအယွင်းနည်းစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ လုပ်ဆောင်ရာတွင် မိသားစုစိတ်ဓါတ်ကို အခြေခံ၍ ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့်  မေတ္တာတရား၊ ကိုယ်ချင်းစာတရား စိတ်ဓါတ်တို့ဖြင့် လက်အောက်ငယ်သားများကို နာယကဂုဏ်များနှင့်အညီ ကြီးကြပ်စီမံကွပ်ကဲရန် မှာကြားလိုပါကြောင်းနှင့် နိဂုံးချုပ်တွင် လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အမီ ဆောင်ရွက်နိုင်ရေးအတွက် တွန်းအားပေး ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပါကြာင်း လမ်းညွှန်ပြောကြားပါသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများသည် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များအတိုင်း  လိုက်နာ ဆောင်ရွက်သွားရန် ပြောကြားပါသည်။ 
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ကြီးဌာနတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များကို  တင်ပြခဲ့ကြပါသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် မူဝါဒများကို ရှေ့ရှုပြီး တိုင်းရင်းသားလူမျိုးများအတွက် ဝိုင်းဝန်းပြီး ကြိုးစားဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိဌာနခွဲတာဝန်ခံများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image