တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ဆိပ်ခံဗောတံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် သီတင်းကျွတ်အများပြည်သူအလုပ်ပိတ်ရက်ကာလ အတွင်းလာရောက်လေ့လာအပန်းဖြေကြသည့် တိုင်းရင်းသားပြည်သူများအား အဆင်ပြေချောမွေ့စွာ လေ့လာအပန်းဖြေနိုင်ရေး ဝန်ဆောင်မှုပေးကြရန်မှာကြား
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ဆောင်ရွက်လျက်ရှိသည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာလ(၉)ရက်နေ့၊ နေ့လည်(၁၃:၀၀)အချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ခံအရာရှိ(ဒုတိယညွှန်ကြားရေးမှူး)တို့ လိုက်ပါလျက် သွားရောက်စစ်ဆေးခဲ့ရာ တင်ဒါအောင်မြင်သော တည်ဆောက်ရေးကုမ္ပဏီဖြစ်သည့် Regal Strength Co.,Ltd တာဝန်ရှိသူမှ ဆိပ်ခံဗောတံတားတည်ဆောက်နိုင်ရေး Pie ရိုက်ရန်အတွက် ယာယီတံတား တည်ဆောက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ဆိပ်ခံဗော(Pontoon) တည်ဆောက်နေသည့် ဒဂုံသင်္ဘောကျင်းသို့ သွားရောက် စစ်ဆေးခဲ့ရာ သင်္ဘောကျင်းမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်စိုးက (Pontoon) တည်ဆောက် ပြုပြင်နေမှုအခြေအနေများနှင့် ပြုပြင်ပြီးစီးမှု(၈၀%) ရှိပြီဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း အပြီးဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအုပ်ချုပ်ရေးရုံး၌ ဝန်ထမ်းများ နှင့်တွေ့ဆုံကာ ယခုကာလသည် ဗုဒ္ဓဘာသာတို့၏ အထွဋ်အမြတ်ထားရာ သီတင်းကျွတ် ရုံးပိတ်ရက်ကာလ ဖြစ်ပြီး အများပြည်သူအလုပ်ပိတ်ရက်အတွင်း လာရောက်လေ့လာ အပန်းဖြေလည်ပတ်ကြသည့် တိုင်းရင်းသားပြည်သူများအား အဆင်ပြေချောမွေ့စွာ လေ့လာအပန်းဖြေနိုင်ရေး ဝန်ဆောင်မှုပေးကြရန် မှာကြားခဲ့သည်။
သီတင်းကျွတ် အများပြည်သူအလုပ်ပိတ်ရက်ကာလအတွင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ ရိုးရာအိမ်များ၊ အပန်းဖြေနေရာများတွင် လာရောက်လေ့လာအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရပါသည်။

Image
Image
Image
Image