တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး မြစ်ကြီးနား ဇန်နဝါရီလ (၉)
Image

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့သည် ဇန်နဝါရီလ (၉) ရက်နေ့ မွန်းလွဲ (၁:၀၀)နာရီတွင်   ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်းရှိ မနောအိမ်တော်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

 တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ကချင်ပြည်သူ/ပြည်သားများ၏ စည်းလုံးညီညွတ်မှုကြောင့် ယခုလို (၇၅)နှစ်မြောက်စိန်ရတု ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့တိုင်းပြည်သည် နယ်ချဲ့ အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့သော်လည်း မိမိတို့ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့် လွတ်လပ်ရေးကိုရယူနိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသလို ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ပြည်နယ်အတွင်းရှိ ကချင် မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားတို့ အချင်းချင်း စည်းစည်း လုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် မိမိတို့လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့တိုင်းရင်းသားအဖွဲ့များ အချင်းချင်းစည်းလုံးညီညွတ်ပြီး ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးစားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပါသည်။

 ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များဖြစ်သည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာ တိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင်များထံ ထောက်ပံ့ငွေကျပ် (၃)သိန်းစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၆)သိန်းကို ထောက်ပံ့ပေးအပ်ကြရာ ကချင်တိုင်းရင်းသားမျိုးနွယ်စုများ ကိုယ်စား ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလနူးကလည်းကောင်း၊ ရှမ်း မျိုးနွယ်စုများကိုယ်စား ရှမ်းစာပေနှင့်ယဉ်ကျေးမှဒအသင်း ဦးစောနွဲ့ကြံအောင်က လည်းကောင်း၊ ဗမာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးဝင်းကြည်က လည်းကောင်း ကျေးဇူးတင်စကားနှင့် အသင်း၊ အဖွဲ့များအတွက် လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်အတူ မနော်အိမ်ရှေ့၌ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image